Tuesday, October 9, 2007

A Piece of News

မနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အစိုးရက ထူးခြားတဲ့ သတင်းတစ်ခု ကြေငြာသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆက်သွယ်ရေး အရာရှိတစ်ဦး ခန့်အပ်လိုက်တဲ့ အကြောင်း၊ အဆိုပါ ဆက်သွယ်ရေး အရာရှိဟာ အလုပ်သမားဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဖြစ်တဲ့ ဦးအောင်ကြည် ဖြစ်ပါတယ်။ ဦးအောင်ကြည်ဟာ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးလဲ ဖြစ်ကြောင်း သိရပါတယ်။


The Mask ဟာသရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ ဂျင်မ်ကာရေး မင်းသားဟာ မြန်မာနိုင်ငံရဲ့ အရေးကိတ်စကို စိတ်ဝင်စားသူ ဖြစ်သလို့ ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေးအတွက်ကို လူသိရှင်ကြား တီဗွီမှာ ထုတ်ဖေါ်ထောက်ခံဖူးတဲ့ နာမည်ကြီး celebrity တစ်ဦးဖြစ်ပါတယ်။ အမေရိကားမှာ ကျင်းပခဲ့ US Campaign for Burma ရဲ့ ဆန်ဒပြပွဲ မတိုင်ခင်ကလဲ အမေရိကန် အစိုးရကို မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ လက်နက်ရောင်းဝယ်ဖောက်ကားမှုတွေ မပြုလုပ်ဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်က စပြီး (ခန့်မှန်းခြေ မြန်မာစံတော်ချိန် မွန်းလွဲပိုင်း တစ်နာရီကျော်) ၁၀ ရက်နီးပါး ပိတ်ထားတဲ့ အင်တာနက် အဆက်အသွယ်ကို ပြန်လည် ဖွင်လှစ်ပေးလိုက်ပါတယ်။ ရန်ကုန်က အွန်လိုင်းတက်လာသူများကိုသာ တွေ့ရပြီး အခြာနယ်များ ဖွင့်ပေး မပေးကိုတော့ စောင့်ကြည့်ရပါမယ်။ အင်တာနက်တွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် သတိထားမိသလောက် ကော်နက်ရှင်များ နှေးနေတယ်လို့ ပြောနေကြပါတယ်။ အင်တာနက် Port ကို 8080 ကနေ ဖွင့်ပေးမှာ သေချာတဲ့အတွက် ဘယ်အိုင်ပီက ဘယ်ကို ချိတ်နေတယ်ဆိုတာကို မလွဲမသွေ စောင့်ကြည့်နိုင်ပါတယ်။ မြန်မာပြည်တွင်းက အင်တာနက် အသုံးပြုသူများ သတိထားပြီး သုံးကြပါလို့ ပြောလိုပါတယ်...။

No comments: