Saturday, October 13, 2007

မိုက်သည်ထက် မိုက်လုံးကြီးနေကြမည့် ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲရှိ ဆင်သေပေါ်က ကျီးမိုက်များ

အခုလို အထိမခံ ရွှေပန်းကန် ဖြစ်နေတဲ့ မြန်မာ့အရေးကို သက်ဆိုင်သူများက သတိကြီးစွာထားပြီး ကိုင်တွယ်ဖို့ လိုနေပါတယ်။ ကုလဖက်ကလည်း အရာရာကို အလေးထားပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်။ တရုတ်ကြီးကို ကြောက်ပြီး သူ့အလိုကျ စာသားတွေ ပြင်လိုက်ရတယ်ဆိုတာ မဖြစ်သင့်တဲ့ အရာပါ။ ကုလရဲ့ အထက်မှာ ဘယ်သူမှ မရှိနိုင်ပါဘူး။ မရှိသင့်ပါဘူး။ ဒါပေမဲ့ အခု ကုလက လုံခြုံရေးကောင်စီဝင်များ သဘောတူ ထုတ်မဲ့ ကြေငြာစာတမ်းမှာ တရုတ်ကြီးက စာသားတွေ လိုက်ပြင်နေတာ မကောင်းပါဘူး။ စစ်အစိုးရအနေနဲ့ အားကိုးရသွားစေတဲ့ ပြယုဂ်ပါ။ တရုတ်ကြီးက သူတို့ဖက်မှာ ရှိနေတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ တရုတ်ကြီးကလဲ သူ့အကျိုးစီးပွား ထိခိုက်မဲ့ ကိတ်စမှန်သမျှ ရှောင်ရှားလုပ်ကိုင်သွားမဲ့ သဘော ရှိနေတဲ့ အတွက် သူ့အညှာကို ကိုင်ရမှာ ဖြစ်ပါတယ်။

၁။ အခု တရုတ်ကြီးဟာ ၂၀၀၈ အိုလံပစ်ပွဲတော်အတွက် အလေးထား စိုင်းပြင်း ဆောင်ရွက်နေပါတယ်။ ဒါက ပထမဆုံးသော အချက်ပါ။

၂။မြန်မာပြည်ကို ရောက်နေတဲ့ သူ့နိုင်ငံသားများ တစ်ခုခု မဖြစ်သေးပါ။ ဒီအညှာကို ရေးလိုက်ရတာက မလွှမရှောင်သာလို့ပါ။ မည်သူမဆို မိမိရဲ့ အကျိုးစီးပွားကို မထိခိုက်မချင်း ကိတ်စတစ်ခုခုကို စိတ်ဝင်တစား ကိုင်တွယ်ဖို့ ဆိုတာ ခံယဉ်းပါတယ်။ (ဥပမာ-ဂျပန်ကို ကြည့်ပါ။ ပထမ ခပ်မဆိတ်နေပါတယ်။ သူ့နိုင်ငံသားကို ထိတော့ လက်ရှိအကူအညီကလွဲလို့ နောက်ထပ် အကူအညီများ မပေးနိုင်ပါလို့ ပြောပါတယ်။ နောက်တော့် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ကိုယ်တိုင် ရန်ကုန်ကို လာတယ်၊ ဗွီဒီယိုမှတ်တမ်းများ အသေအချာ စစ်ဆေးကြည့်တော့ စစ်အစိုးရ လိမ်ညာထားသလို မတော်တဆ ပစ်ခတ်မှုကြောင့် မဟုတ်ပဲ သေချာ ချိန်ရွယ်ပြီး ပစ်ခတ်ခံလိုက်ရတယ်လို့လဲ ကြားရော လက်ရှိ အကူအညီများကို ရပ်တန့်လိုက်တယ်လို့ ကြေငြာသွားပါတယ်။)
၃။ မြန်မာနိုင်ငံရဲ့ သယံဇာတများကို လက်လွတ်မခံနိုင်လောက်အောင် ဖြစ်နေပါတယ်။ (အထူးသဖြင့် စွမ်းအင်ရှားပါးမှု ပြသနာကို ရင်ဆိုင်နေရတဲ့ သူ့အတွက် မြန်မာနိုင်ငံရဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝ ဓါတ်ငွေ့များဟာ အရေးကြီးပါတယ်။)

ဒီအချက်တွေအပေါ် အခြေခံပြီးတော့ တရုတ်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားရင်တော့ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းရေးဟာ ပြည်တွင်းရေးပဲ၊ ဒေသလုံခြုံရေးကို မထိခိုက်ပါဘူးလို့ ထပ်အော်နိုင်ဦးမလား ဆိုတာ စဉ်းစား အဖြေရှာကြပါ။

တရုတ်အစိုးရဟာ မြန်မာပြည်သူတွေအတွက်တော့ မျက်စိထဲက သဲပါ။ ပြည်သူတွေ ဒီလောက်ထိ သတ်ဖြတ်ခံရ၊ နှိပ်ကွပ်ခံရ၊ နှိမ်နှင်းခံနေရတာကို ထိထိရောက်ရောက် လုပ်ပေးနိုင်တာ မရှိပါ။ သူတို့ကိုယ်တိုင်ကလဲ ရင်ပြင်နီ အရေးအခင်းတုန်းက ကျောင်းသားများကို တင့်ကားနဲ့ အရှင်လတ်လတ် တက်ကြိတ်ဖူးလေတော့ ပြောရင် သူတို့ပဲ ပြန်ထိမယ်လို့ မှတ်ယူလေသလား မသိ။
မရှက်ပါနဲ့။ အမေရိကန်တွေတောင် တစ်ချိန်က ဟာဝိုင်ရီကျွန်းကို သူ့ပိုင် နယ်မြေအဖြစ် ဘုရင်မကို ဖြုတ်ချပြီး မတရား အတင်းတက်သိမ်းခဲ့လို့ အမေရိကန် တက်ကသိုလ်ကျောင်းသားများ ဆန်ဒပြတော့ စစ်အင်အားသုံးပြီး နှိမ်နင်းခဲ့ဖူးတဲ့ ရုပ်ဆိုးတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လဲ အမေရိကန်တွေ ကိုယ်တိုင်အခုတော့ ပြင်သင့်တာပြင် ပယ်သင့်တာတွေ ပယ်ပြီး ကမ်ဘာ့အဘယ် မျက်နှာပန်းလှဖို့ ကြိုးစားနေတာပဲ။ ကိုပေါက်ဖေါ်တို့ကတော့ မိုက်တွင်း ဆက်နက်ဦးမယ်ဆိုရင်တော့ ကုလမှာ ကြာရှည်ရပ်နိုင်ပါဦးမလား။

ကုလရဲ့ ဥပဒေတွေလဲ ပြန်လည် ပြင်ဆင်သင့်ပါပြီ။ အရေးယးသင့်တဲ့ နေရာ၊နိုင်ငံတွေကို အချိန်မီ ဆိုးဖြတ်ချက် မချနိုင်တော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ သက်သေသာဓကများ ရှိနေပါတယ်။ ဥပမာ- ဆူဒန်၊ ကှိုဆိုဗို အရေးအခင်းများ။

လုံခြုံရေး ကောင်စီဝင်များရဲ့ ဗီတိုအာဏာ (ခေတ်နဲ့ လျော်ညီစွာ ဗီတိုအာဏာ အသုံးပြုခွင့်ကို ခြွင်းချက်ထားဖို့ အစရှိသဖြင့်။)

- အခုတော့ တရုတ်နဲ့ ရုရှားအားကိုးကြောင့် မြန်မာစစ်အစိုးရဟာ ကုလလို အဖွဲ့အစည်းရဲ့ အကြံပြုချက်ကို မထီမဲ့မြင် ပြုက ငါတို့နိုင်ငံရေးဟာ ငါတို့ အရေးသာ ဖြစ်တယ် ဆိုတဲ့ ၁၉ နှစ်ကြာ လက်သုံးစကားကို တွင်တွင်ကြီးသုံးကာ ဖြေရှင်းနေတာ ပြည်သူတွေရဲ့ အသက် ဘယ်လောက်အထိ အစတေးခံရမလဲ။
- ဂမ်ဘာရီ ရောက်လာတုန်းက ကောင်းပြီ ကောင်းရဲ့ တွေ့ဆုံဖို့ လုပ်ဆောင်နေပြီ ဘာညာနဲ့ လူကြားကောင်းအောင် နှပ်လွှတ်ချလိုက်ပြီး အပြီးသတ်ကျမှ အဖျားရှုးလုပ်လိုက်တာဟာ ကုလကို အထူးသဖြင့် နိုင်ငံတကာကို မထေမဲ့မြင် မလေးမစား လုပ်ရာ ကျနေပါတယ်။
- အစိုးရကို ထောက်ခံတဲ့ ဆန်ဒပြပွဲများကိုလဲ တစ်အိမ်တစ်ယောက် မလာမနေရ တစ်ချက်လွတ်အမိန့်နဲ့ တက်ခိုင်းပြီး နိုင်ငံတကာကို ဗြောင်လိမ်နေတဲ့ စစ်အစိုးရအတွက် သက်ဆိုးရှည်အောင် တရုတ်က လုပ်နေတာလား။
- လူ ၅ ယောက်ထက်ပိုပြီး စုဝေးခွင့်မရှိလို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်လို နေရာမျိုးမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကြံဖွံ့တွေ သောင်းချီပြီး ဆန်ဒပြပွဲလုပ်ပြခဲ့တာဟာ ဘာသဘောလဲ။ စစ်အစိုးရဟာ အပြောနဲ့ အလုပ် မညီဘူးဆိုတာ နိုင်ငံတကာက လက်ခံသင့်ပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အကောင်အထည်ဖေါ်ဖို့ လိုပါပြီ။
- ကြံ့ဖွံ့ဟာ နိုင်ငံရေး အသွေးအရောင် မပါတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်ဆိုပြီး အခုလိုပွဲမှာ အစိုးရက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြနေတာ အစိုးရရဲ့ ကျောထောက်နောက်ခံမပါဘူးဆိုရင် သက်သေပြပါ။
- ဂမ်ဘာရီက ဒေသတွင်း လှည့်လည်ပြီး သက်ဆိုင်ရာ နိုင်ငံမျာားရဲ့ သဘောထားကို တောင်းခံချိန်မှာ အချိန်ကိုက် ဒီထောက်ခံပွျဲွှေ လုပ်နေတာဟာ စစ်အစိုးရရဲ့ ဗြောင်လိမ်ဖို့ ခြေလှမ်းဖြစ်တဲ့ လုပ်နေကျ အကွက်ဖြစ်ကြောင်း နိုင်ငံတကာက သိရှိဖို့ လိုနေပါပြီ။

ချုပ်ရရင်တော့ ဆင်သေထက်က ကျီးမိုက်ဆိုတဲ့ ပုံပြင်တော့ ကြားဖူးမှာပေါ့။
အခုလဲ နအဖအစိုးရဟာ အဲဒီ ကျီးမိုက်နဲ့ ဘာမှ မထူးတော့ပါဘူး။
လှုပ်လေ၊ မြုပ်လေ သေမထူး နေမထူးတွေပါ။
အာဏာလွဲပေးလိုက်ရင် သူတို့ အပေါ် တန်ပြန်လာမဲ့ လောကပါလာ တရားများကို ကြေက်ရွံ့လို့၊ ဆက်ဒမ်လို အဖြစ်ခံရမှာစိုးလို့ သေတွှ့ထိ ဆက်မိုက်သွားမယ့် ကျီးမိုက်များအား ဒီ့ထက် ပြည်သူတွေ အပေါ် ဆက်ပြီး မနှိပ်စက်၊ မသတ်ဖြတ်နိုင်အောင် ကြိုးစားသွားကြပါစို့။

မတရားသော စစ်အာဏာရှင်စနစ် ကျဆုံးရမည်။

No comments: