Monday, October 29, 2007

Another Politics Game ... ဒါမှမဟုတ် နောက်ထပ် အချိန်ဆွဲနည်း တစ်မျိုးလား...။

တစ်ချို့က မေးကြတယ်။
ဒီလိုနဲ့ပဲ ပြီးသွားတော့မှာလားတဲ့။
တစ်ချို့က ပြောကြတယ်။
ဒါဟာ ပြောင်းလဲခြင်းတစ်ခုရဲ့ အစပဲ ရှိသေးတယ်တဲ့။
စပရိတ်ဆိုတဲ့ အမျိုးဟာ ဖိလိုက်ရာကနေ ပြန်ဝကလိုက်ရင် ထန်ကနဲ ပြန်ကန်တတ်တဲ့ အမျိုးကိုး တဲ့။
တစ်ချို့ကလဲ ပြောကြတယ်။ အခုနေ ဆက်ပြီး ရှေ့မတိုးရင် နောက်ထပ် အနှစ် ၂၀ မကဘူး စောင့်ရဦးမယ်တဲ့။

ပြောတဲ့သူတွေကတော့ ကိုယ်မြင်ရာ ကိုယ်သန်ရာ ပြောနေကြတပဲ။
အခြေအနေတွေကလဲ ဒီလို ထင်အောင် ဖြစ်နေတာကိုး။
ကဲ ... မြန်မာ့အရေးကို တောက်လျှောက် လေ့လာခဲ့တဲ့ နိုင်ငံရေး သုသေတီများ ဘယ်လို ပြောကြမှာပါလိမ့်။
ပေါက်ဂဏန်းပေါ်မှ ဖေါ်တတ်တဲ့ ပေါက်ဖေါ်များဖက်ကလဲ ဘာမှ မကြားပါလား။

ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ တော်မကောင်း ပုဂိုလ်များ ဖြစ်ကြတဲ့ စစ်အစိုးရကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အချိုးချိုးနေပါတယ်။
ဂမ်ဘာရီနဲ့ ကုလနဲ့ ဒီလောက် တားနေတဲ့ ကြားထဲက ခပ်တည်တည်နဲ့ ညအချိန်မတော် လူတွေ လိုက်လိုကဆွဲနေတာ ရပ်တန်းက မရပ်သေးပါဘူး။ ဘုန်းဘုန်းဘုရားများကိုလဲ ဆက်ပြီးတော့ လိမ်နေညာနေတုန်းပါပဲ။ သာသနာ ရောင်ဝါလွမ်းတဲ့ ပြည်မြန်မာကြီးမှာ ဒီလို ဘုရားမကြိုက် နတ်မကြိုက် လူ့အန်တများ မင်းမူနေတာ အံ့သြစရာပါပဲ။ ဦးပုညရဲ့ သိကြားလိမ် စာချိုးကို ခုမှ ကိုယ်တွေ့ ကြုံဖူးတော့တယ်။ ပန်းပဲဆရာကလဲ တန်ရာတန်ကြေး မရလို့ပဲလား မသိ။ ခုထိ ဦးမာဃရဲ့ ၀ရဇိန် မိုးကြိုးသွားကို မပြင်ပေးသေးဘူး ထင်ပါရဲ့။
ဒါမှမဟုတ် ဦးမာဃကြီး ဒန်းလော့နဲ့ပဲ အိပ်တော့လို့ ဗန်သုကမ်ဗလာ မြကျောက်ဖျာ တင်းတာ မသိလေရော့သလား။
လူ့ပြည်မှာတော့ ကံ ကံရဲ့ အကျိုးကို မယုံတဲ့ လူ့ငမိုက်သားများ မင်းမူနေတာကတော့ အမှန်ပဲ။
ခုလဲ တွေ့ဆုံဖို့ တွေးနွေးဖို့ စတင်ပါပြီတဲ့။ စကတည်းကိုယ်က ယဉ်သကို ဖြစ်နေပြီ။ တောင်းဆိုလိုက်တဲ့ ခြွင်းချက်တွေကလဲ တွေ့ဆုံဆွေးနွေးတာနဲ့ မတူပဲ လက်နက်ချ ခိုင်းတာနဲ့ ဘာမှ မထူးပါလား။
တွေ့ဆုံဆွေးနွေးမှု စတင်နေပါပြီဆိုပြီး အပြင်ကမ်ဘာကို လိမ်လည်ဖို့၊ သူတို့ သက်ဆိုးရှည်ဖို့ အချိန် တတ်နိုင်သမျှ ဆန့်ထားဖို့ ဆိုတာ သိသာနေပါတယ်။
ဒီဗွီဘီထဲမှာ ရာဇာလီ အစ်စမေးလ်ကတော့ ခုထိ မမှန်နိုင်သေးပဲ စစ်အစိုးရ အပေါ် မျှော်လင့်နေလေရဲ့။ သူ့ကိုယ်သူ ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတာ မေ့လေရော့သလား။ မျက်တောင်မွေးတဟ်ဆုံးကို မမျှောပ်နဲ့ ကိုအစ်စမေးလ်ရယ်။ ဒီစစ်အစိုးရက ညဏ်နီညဏ်နက် ညဏ်ရောင်စုံများ အများသား။ အခုတောင် မတတ်သာလို့ ဖိအားတွေ များလွန်းလို့ အန်တီစုကို ခေါ်ထုတ်ပြရတာ။ ဘာမှ အနှစ်သာရ မရှိတဲ့ တွေ့ဆုံမငပါ။ တစ်ကယ် Dialouge လုပ်ချင်တယ်ဆိုရင် ကြားမှာ ဘယ်သူပကိုမှ ခန့်ထားစရာ မလိုပါဘူး။ စားပွဲတစ်လုံးမှာ နှစ်ယောက်မျက်နှာချင်းဆိုင်ကြပြီးတော့ အကြေအလည် ပြောပါ။ အာဃာတတွေ ဘေးဖယ်ထား။ ကိုယ်လိုချင်တာကို သူနဲ့ ဖြစ်နိုင် မဖြစ်နိုင် နှစ်ဦး အကြေအလည် ဆွေးနွေး။ အဲလိုလုပ်မှ အဖြေထွက်မှာပေါ့။ ခုတော့ နှစ်ယောက်စလုံးက မြန်မာစကားလဲ ပြောတတ်ပါရဲ့နဲ့ ကြားလူကနေတစ်ဆင့် စကားပြောကြတယ် ဆိုတာ လူရီစရာ မကောင်းပေဘူးလား။ ရိုးသားမှု မရှိဘူးဆိုတာ ပေါ်လွင်မနေဘူးလား။

အရတ်က ဆက်ဒမ်လို ဖြစ်မှာ ကြောက်တယ်ဆိုရင်လဲ အပေးအယူ လုပ်။
အခုနေခါမှာ အနာဂတ် နိုင်ငံခေါင်းဆောင်မှု အပိုင်းမှာ သူတို့ မပေါပဲနဲ့တော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ (သူတို့ကို ကြိုက်လို့လှရယ် မဟုတ်၊ သူတို့ကိုယ်တိုင်က အာဏာကို လက်မလွတ်ချင်လုပဲ ဒီအထိ ဖက်တွယ်ခဲ့တာဆိုတော့)
ဆိုတော့ သူတို့ကိုလဲ အစိုးရပိုင်းထဲထည့်...။ ဒါပေမဲ့ ဒီမိုကရေစီ နည်းလမ်းတော့ ရှိရမှာပေါ့လေ။
ဒါမှမဟုတ် နိုင်ငံရေးအပိုင်းမှာ သူတို့ကို မပါစေချင်ရင် သူတို့ရဲ့ အနာဂတ်ကို စိတ်ချအောင် သူတို့ကို တစ်ခုခု အာမခံပေးလိုက်။
အဲလိုလုပ်မှ ပြတ်သားတဲ့ အဖြေတစ်ခု ထွက်လာလိမ့်မယ်။
ခုလို လုပ်နေရင်တော့ သူတို့က သေတဲ့ အထိ ကြောက်ကန် ကန်ပြီး မိုက်တိမိုက်ကန်း လုပ်သွားမှာ သေချာတယ်။
တစ်ခုတော့ ရှိတယ်။ အမေရိကားက သူတို့ကို Executive Sanction ဥပဒေ ပြဌာန်းလိုက်တာ သူတို့ အတော် အထိနာသွားတယ်။ အထူးသဖြင့် ဦးတေဇရဲ့ အကောင့် တစ်ချို့တစ်ဝက်ကို ပိတ်လိုက်နိုင်တဲ့ အတွက် သူတို့ရဲ့ ငွေကြေးစီးဆင်းမှု အခြေအနေ အတော် ထိခိုက်သွားတယ်။ ဒါပေမဲ့ သူတို့နင်္ တစ်နည်း မဟုတ် တစ်နည်း ပတ်သက်နေတဲ့ US Sanction ကနေ လွတ်ကင်းနေတဲ့ သူတွေရဲ့ အကောင့်ကနေတစ်ဆင့် သူတို
့ သက်ဆိုးရှည်နိုင်တယ်ဆိုတာ မေ့မထားသင့်ဘူး။
ကိုမိုးသီး ဘလော့ဂ်ထဲမှာ အဲဒီလို သွယ်ဝိုက်သောနည်းနဲ့ ပတ်သက်နေတဲ့သူတွေ စာရင်းကို ရှင်းပြ ပြုစုပြထားတာ ရှိတယ်။ အမေရိကန် အစိုးရကလဲ အဲဒီလို လက်ခုပ်ကြားထဲက လွတ်နေတဲ့ စာရင်းကို အလိုရှိပါတယ်တဲ့။ နီးရာ လက်တို့ အကြောင်းကြားပေးပါ။

တစ်ခုတော့ သတိထားရလိမ့်မယ်။ ချောင်ပိတ် အရိုက်ခံရတဲ့ ခွေးများ ကိုက်မိရင် အတော်နာတယ် တာသွားတယ်ဆိုတာပဲ။
သူတို့ခမျာ ခုတော့ နေစရာဆိုလို့ ကြပ်ပြေးပဲ ရှိတော့တယ်။ အဟက်။

No comments: