Saturday, November 17, 2007

Who Am I ?

အစ်မကြီး ခင်မင်းဇော်က tagging လုပ်ထားတာကို ဒီနေ့မှ တွေ့လို့ ပါ။ အစ်မကြီးစာတွေကိုပဲ ခိုးcျရမှာပ။ အလုပ်တွေနဲ့ ပိနေလို့ ဘလော့ဂ်ဖက် မလှည့်နိုင်တော့တာ ခွင့်လွှတ်စေချင်ပါတယ်။
ပုံပန်းသဏ္ဍာန်ကို အရင်မိတ်ဆက်ရရင်……..

၁) မျက်နှာကျပုံကတော့ ဘဲဥ ပုံ။

၂) မျက်ခုံးမွှေးသိပ်မထူ

၃) နှာတံမပေါ်ပါ။ နှာတံထိပ် လုံးပါတယ်။

၎) မျက်လုံးမျက်ရစ်မပါပါ။

၅)နှုတ်ခမ်းထူပြီး ပါးစပ်ပြဲပါတယ်။

၆) အရပ် ၅ ပေ ၈ လက်မရှိပါတယ်။ ၇၂ ကီလို လေးပါတယ်။ ဘော်ဒီဝိတ်ကို အမြဲထိန်းထားတာ မဟုတ်ပေမဲ့ အဲဒီနားတစ်ဝိုက်ပဲ တစ်ဝဲလည်လည် နေပါတယ်။ ဗိုက်မဆိုစလောက် ပူလာပါတယ်။ ဘီယာသောက်ဖြစ်ပြီး အလုပ်က စားပွဲကနေ ထိုင်ရာမထ လုပ်နေရတဲ့ အလုပ်ပါ။

၇)အဓိက အသားရောင်ကတော့ ခပ်လတ်လတ် ခေါ်ရမလားပဲ။

၈) ဆံပင်အရောင်ကတော့ ဖြောင့်စင်း မဲနက်ပါတယ်။ သေမင်းကတော့ ဟိုနားဒီနားမှာ အလံဖြူတွေ လာစိုက်နေပါပြီ။

စိတ်ဓါတ်ကတော့……

၁) ကိုယ်မှန်တယ်ဆိုပေမဲ့လဲ အခြေအနေ အချိန်အခါကြည့်ပြီး ပြောပါတယ်။

၂) သူတပါးကို မတရားလုပ်နေတယ်လို့ မြင်မိ ခံစားမိရင် တတ်နိုင်သလောက်တော့ ၀င်ဖြေရှင်းပေးပါတယ်။ကိုယ်နဲ့ မဆိုင်ပဲလဲ ပြသနာထဲကို သေသေချာချာ ၀င်ပါတတ်ပါတယ်။

၃) တယောက်နဲ့တယောက် အမြင်မှားပြီး တည့်တည့်မရှင်း ကွယ်ရာက ပြောနေသူတွေ တွေ့ရင် တတ်နိုင်သလောက် တစ်ယောက်ချင်းစီကို နားဝင်အောင် ပြောပြပြီးမှ သူတို့ တွေ့တဲ့အချိန်လောက်ကို ကြားဝင် ဖြေရှင်းပေးတတ်ပါတယ်။
၎) ကိုယ် ဂတိပေးပြီးရင် ဘယ်လိုအကြောင်းနဲ့မှ မဖောက်ဖျက်တတ်သလို ဖောက်ဖျက်သူ တွေ့ရင်လဲ မဆက်ဆံတော့ဘူး။

၅) အချိန်နဲ့ ငွေရေးကြေးရေး ကိစ္စတွေ၊ ဂတိသစ္စာတွေကို တန်ဖိုးထားချင်သော်လည်း တစ်ခါတစ်လေ အကြောင်းကြောင်းကြောင့် ဖေါက်ဖျက်လိုက်ရတာတွေ ရှိတတ်ပါတယ်။ ချိန်းထားတာရှိရင် နောက်ကျတ်ပါတယ်။ အားနည်းချက်တစ်ခုပါ။ ဘယ်ငွေကိုမှ အလွဲသုံးစား မလုပ်ခဲ့ဘူး။ (မိဘပိုက်ဆံကိုတော့ လိုသည်ထက် ပိုတောင်းဖူးတယ်။)

၆) အလုပ်မရှိရင်လဲ နေတတ်တယ်။ သီချင်းဖွင့် ရုပ်ရျင်ကြည့် နေလိုက်တာပဲ။

၇) ကိုယ်လုပ်သလို သူများတွေကိုလဲ အလုပ်ကို စိတ်ပါလက်ပါ တက်ကြွစွာ လုပ်ကိုင်စေချင်တယ်။

၈) ဆရာလုပ်ရတာ ၀ါသနာပါသလို ကိုယ်တပည့်လုပ်ရချိန်မှာလည်း ရိုကျိုးစွာ ခံယူဖို့ အဆင်သင့်ပဲ။

၉)စကားများများပြောတတ်ပါတယ်။ ပြောလွန်းလို့ မနည်းတားယူကြပါတယ်။ တစ်ချို့ဆို မကောင်းတတ်လို့သာ နားထောင်နေကြတာ.. နားမထောင်ချင်ကြဘူးဆိုတာ မျက်နှာမှာ အထင်းသား ပေါ်နေပါတယ်။

၁၀)ငွေကိုတန်ဖိုးထားပါတယ်။ ငွေကို မရရအောင် ရှာပါတယ်။

၁၁) မတရားတာ မဟုတ်တာ ဘယ်သူ့အပေါ်မှ မလုပ်ဘူး။ ကိုယ့်အပေါ်လုပ်ရင်လဲ သည်းခံစိတ် မထားတတ်သေးဘူး။

၁၂) လူတယောက်ကို ခဏတွေ့ဆုံ စကားပြောပြီးတာနဲ့ ဒီလူနဲ့ ဆက်ပြီးလက်တွဲလို့ရမရ စိတ်ထဲက အမြဲ အဖြေရှိနေတယ်။ အဲဒီအဖြေကလည်း မှန်ချင်မှန်တတ်တယ်၊ မှားချင်လဲ မှားတတ်တယ်

၁၃) ကိုယ့်ကြောင့်ဖြစ်လာတဲ့ အပြစ်ကိုလဲ တစ်ခါတစ်လေ လွဲချတတ်တယ်။ မကောင်းမှန်းသိပေမဲ့ ကိုယ့်အကျင့်က အဲလို ဖြစ်နေတာ။ ပြန်ပြင်ရမယ်။ သူများက မပြောရဲတာမျိုးကိုလဲ ခေါင်းအငှားခံပြီး ပြောပြတတ်ပါသေးတယ်။

၁၄) အားလပ်ရက်တွေမှာ အပေါင်းအသင်း မိတ်ဆွေများနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံပြီး တစ်ခုခု ပြောချင်ပါတယ်။

၁၅)လုပ်မယ်လို့ စစဉ်းစားတဲ့အချိန်မှာ နည်းနည်းတွေဝေတတ်ပေမယ့် ဆုံးဖြတ်ပြီးရင်တော့ နောက်မဆုတ်တတ်တော့ပါဘူး။ (အစ်မခင်မင်းဇောနဲ့ ဒီနေရာမှ တူနေပါတယ်။)

၁၆)ဆန့်ကျင်ဖက်လိင်တွေကတော့ ကိုယ့်ကို စကားပြောကောင်းတယ်လို့ ပြောကြပါတယ်။ မလိုသူတွေကတော့ အီတယ်၊ ချွဲတယ် စသဖြင့် ပြောကြပါတယ်။ ရိုးရိုးသားသား ပြောသော်လည်း သူရို့က အဲလို စိတ်ထဲ ဘာ့ကြောင့် မြင်လဲ မသိပါ။ ကိုယ်ပြောတတ်သလို ပြောတာ ဖြစ်ပါတယ်။

ရေးတော့ ရေးလိုက်ပါပြီ။ အပေါင်းအသင်းတွေကြားမှာ အလိုက်ကန်းဆိုး မသိတတ်သူစပ်ဆိုးသူလို့ သမုတ်ခံရတဲ့သူ ဖြစ်ပါတယ်။

ကဲ … ဘယ်လိုလူလဲဆိုတာ သိကြလောက်ရောပေါ့။

အားမအားမသိပေမယ့် ဆက်တက်ချင်သူတွေ ရှိနေပါသေးတယ်။

ကလူသစ်၊ little master၊ ချစ်ဆွိ၊ သားဗူး တို့ကို ဆက်တက်ပါတယ်။