Sunday, October 7, 2007

မြန်မာ့အရေး အပေါ် ပြည်သူတစ်ယောက်မြင် ၁

မိမိဟာ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံရေး သမား မဟုတ်ပါ။ ဒါ့ကြောင့် အခုအမြင်တွေဟာ ပြည်သူတစ်ယောက်အနေနဲ့ မိမိရဲ့ နိုင်ငံရေး အမြင်များကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေး ဆိုသလို နိုင်ငံရေးဟာဖြင့် ရှုပ်ထွေးလှပါတယ်။
ကဲပါ။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို လေ့လာကြည့်ရအောင်။
အားလုံး သိကြတဲ့ အတိုင်းပဲ။ ကုလ ကိုယ်စားလှယ် မြန်မာပြည်ကို လာ ပြီး ပြန်သွားပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ သူတွေ့ရှိခဲ့သည်များကို အိတ်သွန်ဖါမှောက် ပြောသွားပါတယ်။ မြန်မာ စစ်အစိုးရကိုလဲ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သွားပါတယ်။
ဒီတံခါးဖွင့် အစည်းအဝေးကို အားလုံးသော လေ့လာသူများကိုပါ တက်ရောက်စေခဲ့တာ တွေ့ရပါတယ်။ ပြည်ပရောက် မြန်မာဘုန်းကြီးများလဲ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
အစည်းအဝေးအပြီးမှာတော့ အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရရဲ့ ငြိမ်းချမ်းစွာ ဆန်ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းနေတဲ့ လုပ်ရပါများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အကယ်ရ်ျ တောင်းဆိုမှုများကို လိုက်လျောခြင်းမရှိပါက ကုလ အနေနဲ့ ဆက်လက် ကျင့်သုံးရမယ့် အရေးယူ လုပ်ဆောင်ဖွယ်ရာများကို အမေရိကန်အနေနဲ့ ဦးဆောင် တင်ပြသွားမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။
ဂမ်ဘာရီကြီး ကုလ လုံခြုံရေးအစည်းအဝေးမှာ မြန်မာပြည်နဲ့ ပါတ်သက်လို့ မတင်ပြခင် ကြာသပတေးနေ့ညက နိုင်ငံပိုင် ရုပ်မြင်သံကြား ဖန်သားပြင်ပုံရိပ်မှာ ပြည်သူလူထု ရှေ့မှောက် ၄ နှစ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ ပြည်သူ့အချစ်တော် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်လွှာကို ဂမ်ဘာရီနဲ့ တွေ့ဆုံတုန်းက ရိုက်ကူးထားချက်များကို ထုတ်လွှင့်သွားခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ခါတိုင်း နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာ သုံးနှုန်းနေကျ ငါးစိမ်းသည် အသုံးအနှုန်း ဖြစ်တဲ့ ဘိုကတော်၊ ကုလားမယား၊ ဒေါ်စု စတဲ့အသုံးအနှုန်းတွေကို ရှောင်ရှားပြီး “ဒေါ်အောင်ဆန်းစုကြည်“ ဆိုတဲ့ အသုံးအနှုန်းနဲ့ တင်ဆက်ထုတ်လွှင့်သွားတာကို အနောက်နိုင်ငံက မြန်မာ့နိုင်ငံရေး လေ့လာနေတဲ့ ပုဂ်ဂိုလ်များတောင်သတိပြုမိသွားပါတယ်။ သွေးဆူနေသော ပြည်သူလူထုကို ချွေးသိပ်တဲ့ သဘောလို့ ထင်ပါတယ်။

အဲဒီနောက် တွေ့ဆုံဆွေးနွေးရေး Dialouge ဆိုတဲ့ စကားရပ်ကို နားထဲမှာ လွန်စွာ ခါးသီးနေပုံရတဲ့၊ လက်တွေ့ ကျင့်သုံးရမှာကို အလွန်အမင်း စိုးရွံ့နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အန်တီစုနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်တာဟာ သာမာန်အားဖြင့်တော့ သူတို့ဖက်က လိုက်လျောတဲ့ ဘောလို့ ထင်ရတာပါပဲ။ အဲန်အယ်လ်ဒီဖက်က တောက်လျှောက် တောင်းဆိုလာခဲ့တဲ့ Dialouge ကို စစ်အစိုးရ အနေနဲ့ အခုမှ လက်ခံတယ်ဆိုတာ သံသယ ၀င်ဖို့ ကောင်းပါတယ်။


ထင်တဲ့အတိုင်းပါပဲ စစ်အစိုးရက တောင်းဆိုလာတဲ့ နှစ်ဦးနှစ်ဖက် တွေ့ဆုံစကားပြောဆိုညှိနှိုင်းရေး Dialouge ရဲ့ နောက်မှာ တရားမျှတမှု မရှိတဲ့ တောင်းဆိုချက်တွေပါ ပါလာပါတယ်။
အဲဒီ ခြွင်းချက်တွေကတော့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
၁။ Confrontation လို့ ဆိုတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ပျယ်ဖျက်ရမယ်။
၂။ Utta Devastation လို့ ဆိုတဲ့ အလုံးစုံ ပျက်သုဉ်းရေးဆိုတဲ့ လမ်းစဉ်ကို လက်ကိုင်မထားရဘူး။
၃။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု မူဝါဒများကို ထောက်ခံခြင်းကို ရုပ်သိမ်းပေးရမယ်။

ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေဟာ တရားမျှတာမှု ရှိရဲ့လားဆိုတာကို တောင်းဆိုသူကိုယ်တိုင် သိမသိ တော့ မသိရပါဘူး။ လေ့လာသူများ အဆိုအရတော့ လက်ခံနိုင်ဖွယ် အလျဉ်းမရှိတဲ့ တောင်းဆိုချက်တွေ လို့ ဝေဖန် ပြောဆိုသွားကြပါတယ်။
သို့အတွက်ကြောင့်လဲ အဆိုပါနှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ဟာ တစ်ဘတ်သတ် တောင်းဆိုမှုများကြောင့် ပျက်ပြားသွားပါတယ်။

ကုလမှာ ဂမ်ဘာရီက မြန်မာနိုင်ငံအကြောင်းကို တင်ပြပြီးနောက်တစ်နေ့ စနေနေ့ အောက်တိုဘ ၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ နေ၀င်မီးငြိမ်း curfew အမိန့်ကို ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်...။ ရှစ်ရက်ကြာလောက် ဖြတ်တောက်ခဲ့တဲ့ အင်တာနက် ဆက်သွယ်ရေးကို ည ၁၀း၀၀နာရီ နဲ့ မနက် ၄း၀၀ နာရီကြားမှာသာ သုံးခွင့်ပေးထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ အဆက်အသွယ်အများဆုံး၊ အကျိုးအမြတ် အများဆုံးရနေတဲ့ တရုတ်နိုင်ငံကတော့ မြန်မာ့အရေးဟာ ပြည်တွင်းရေး ဖြစ်ကြောင်း ဒေးသတွင်းလုံခြုံရေးကို မထိခိုက်ကြောင်း တစ်သွင်သွင် ပြောဆိုနေဆဲ ဖြစ်ပြီး အကယ်ရ်ျ အခုလာမဲ့ တနင်္လနေ့မှာ အမေရိကန်နိုင်ငံက တင်သွင်းလာနိုင်ဖွယ်ရှိတဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ရေး အကြံပြုစာတမ်းကို ကုလမှာ ဗီတိုအာဏာသုံးပြီး ပယ်ချဖွယ်ရှိတဲ့ သဘောထားကို ပြောနေပါတယ်။

အိနိယနိုင်ငံကတော့ ခပ်မဆိပ်နေတုန်းပါပဲ။ ဒါပေမဲ့ အောက်လွှတ်တော်အမတ်များက အိနိယအစိုးရကို မြန်မာနိုင်ငံအရေးနဲ့ ပါတ်သက်ပြီး ရေငုံနှုတ်ပိတ်နေမှုနဲ့ ပါတ်သက်လို့ ပြစ်တင် ဝေဖန်မှုတွေ တစ်နေ့တစ်ခြား ကျယ်လောင်စွာ ကြားနေရပါတယ်။

မိမိရဲ့ နိုင်ငံသားကို မထိခင်တုန်းကတော့ မြန်မာ့အရေးကို စိတ်မ၀င်စားခဲ့တဲ့ ဂျပန်နိုင်ငံဟာ မိမိနိုင်ငံသား သတင်းထောက် တစ်ယောက် ဆန်ဒပြပွဲမှာ သတင်းယူရင်း သေဆုံးလာရာမှ မြန်မာ့အရေးကို စတင် ဝေဖန် ပြောဆိုလာတာ တွေ့ရပါတယ်။ အဆိုပါသေဆုံးမှုနဲ့ ပါတ်သက်ပြီး စစ်အစိုးရကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးဖို့ ချက်ချင်းတောင်းဆိုခဲ့ပါတယ်။ စစ်အစိုးရက အဆိုပါ သေဆုံးမှုဟာ မတော်တဆမှုကြောင့် ဖြစ်ရပါတယ်လို့ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ဂျပန်အစိုးရက လက်ရှိ မြန်မာနိုင်ငံကို ကူညီထောက်ပံ့နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများမှ အပ နောက်ထပ်သော အကူအညီများ ပေးရေးကို ဆိုင်းငံ့ထားမယ်လို့ ကြေငြာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို အဆိုပါ သတင်းထောက် သေဆုံးမှုအတွက် အသေးစိတ် ထပ်မံ စုံစမ်းမှုများ ပြုလုပ်ဖို့ မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ထပ်မံပြုလုပ်ခဲ့သော စုံစမ်းမှုများ၊ နောက်ထပ် ထွက်ပေါ်လာသော ဗွီဒီယိုမှတ်တမ်းများအရ အဆိုပါ သတင်းထောက်ဟာ မတော်တဆ ပစ်ခတ်လိုက်တဲ့ ကျည်ဆံသင့်ပြီး အသက်ဆုံးသွားတာ မဟုတ်ပဲ တမင်ထိအောင် ပစ်လိုက်တာ ဖြစ်ကြောင်း သိလာရပါတယ်။ ဒီမှာတင် ဂျပန်တို့က ပိုမို စိတ်ဆိုး ဒေါသထွက်သွားပြီး လက်ရှိ မြန်မာနိုင်ငံကို အကူအညီပေးနေမှုများကို ရပ်ဆိုင်းလိုကပါတယ်။ အဲဒီအတွက်ထိခိုင်သွားတာကတော့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပိုလီယိုရောဂါ ပပျောက်ရေး စီမံချက်မှာ ဂျပန်ရဲ့ အကူအညီ ခပ်များများ ရယူထားပါတယ်။ ဒီဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် ဂျပန်နိုင်ငံဟာ လက်သည်းဆိတ်တော့ လက်ထိပ်နာသွားတာလို့ ယူဆနိုင်ပါတယ်။
နိုင်ငံတကာ သတင်းတွေမှာ အစောပိုင်းက ဆန်ဒပြသူများ ၁၀ ယောက်လောက် သေဆုံးမှုသတင်း ဖေါ်ပြမှုဟာ ယခု ဂျပန် သတင်းထောက် တစ်ယောက် သေဆုံးမှုလောက် များပြားခြင်း မရှိတာကို သတိထားမိပါတယ်။
သတင်းများကို ကြည့်ရတာ မိမိပြည်သူများရဲ့ အသက်ဆုံးရှုံးမှုကို နိုင်ငံခြားသားတစ်ယောက် အသက်ဆုံးရှုံးမှုလောက် တန်ဖိုးထားပုံချင်း မတူတာကို ခံစားမိပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ ဖြစ်တဲ့ စနေနေ့ဟာ မြန်မာ့အရေးအတွက် ကမ်ဘာ့ပြည်သူများ မည်မျှ စာနာနားလည်တာကို ပြသလိုက်တဲ့ နေ့ ဖြစ်ပါတယ်။ အဆိုပါနေ့မှာ ကမ်ဘာတစ်ဝန်းက မြန်မာပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန်ဒဖေါ်ထုတ်ခွင့်အပေါ် စာနာနားလည်တဲ့ ကမ်ဘာ့ပြည်သူများဟာ မြန်မာများ ဒီမိုကရေစီတောင်းဆိုဆန်ဒပြမှုကို ဖေါ်ကျူးတဲ့ သင်္ကေတ ဖြစ်တဲ့ အကျီင်္အနီရောင်ကို ၀တ်ဆင်ကာ လမ်းများပေါ်မှာ တန်းစီလှည့်လည်ခြင်းအားဖြင့် မြန်မာပြည်သူများအား ထောက်ခံတဲ့ မိမိဆန်ဒများကို ထုတ်ဖေါ်ပြသခဲ့ကြပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့တုန်းကလဲ ကမ်ဘာတစ်လွှားမှာ ရှိကြတဲ့ Blogger များအနနဲ့ မြန်မာပြည်သူများနဲ့ တစ်သားတည်း ဖြစ်ကြောင်းကို ဖေါ်ပြတဲ့ အနေနဲ့ မိမိတို့ရဲ့ Blog များမှာ Free Burma ဆိုတဲ့ Message ကို တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်နေ့လုံး ဖေါ်ပြခဲ့ကြပါတယ်။

အဆိုပါ ကုလက နိုင်ငံပေါင်းစုံနဲ့ ကမ်ဘာ့ပြည်သူများရဲ့ မြန်မာ့အရေးနဲ့ ပါတ်သက်ပြီး ထောက်ခံတဲ့ လုပ်ဆောင်ချက်များကြောင့် စစ်အစိုးရဟာ သီးခြားကမ်ဘာထဲမှာ နေလို့ မရတော့တာကို သိလာရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ဗီတိုအာဏာကို ထုတ်သုံးနိုင်တယ် ဆိုပေမဲ့ အခုအချိန်မှာတော့ သူလဲ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ထုတ်သုံးဖို့ကို ချင့်ချိန်ရပါတော့မယ်။ သူကိုယ်တိုင် မျှော်လင့်အားခဲနေတဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမဲ့ အိုလံပစ်ပွဲတော် ကျင်းပချိန်ဟာ နောက်လာမဲ့ နှစ်မှာ ကျင်းပဖို့ ရှိနေပါတယ်။ နိုင်ငံတကာကလည်း တရုတ်အစိုးရကို မြန်မာ စစ်အစိုးရကို တရားမျှတမှု မရှိတဲ့ အုပ်ချုပ်မှုအပေါ် ပြုပြင်ပြောင်းလဲဖို့ မတိုက်တွန်းရင်တော့ သူ့အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဖို့ လေသံ ပစ်နေပါပြီ။ တစ်ချို့စိတ်မရှည်သူတွေကတော့ အင်တာနက်အပေါ်မှာ တရုတ်နိုင်ငံ အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဖို့ လှုံ့ဆော်ရာမှာ လူပေါင်း တစ်သိန်းကျော် ပါဝင်ထောက်ခံတာကို တွေ့ရပါတယ်။ ကမ်ဘာတစ်ဝန်းလုံးနဲ့ ယှဉ်လိုက်ရင် လူတစ်သိန်းဆိုတဲ့ အင်အားဟာ နည်းပါးနေပါတယ်။ သို့ပေမဲ့ အဲဒီလို သူတို့ရဲ့ အထိမခံ အိုလံပစ်ကို သပိတ်မှောက်မယ်ဆိုတဲ့ အလေသံကြောင့် တရုတ်လဲ အလျှော့ပေးရမဲ့ အခြေအနေ ရှိနေပါတယ်။
တရုတ်နည်းတူ ဗီတိုအာဏာကို သုံးဖို့ စဉ်းစားနေတဲ့ နိုင်ငံကတော့ ရုရှားနိုင်ငံ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဲ့ စစ်ဗိုလ်လောင်းများကို အဏုမြူနဲ့ ပတ်သက်ပြီး သင်တန်းပေးနေတဲ့ ရုရှားက တရုတ်နည်းတူ မြန်မာ့စစ်အစိုးရဆီကနေ ဓါတ်ငွေ့နဲ့ ရေနံများကို ဈေးပေါပေါနဲ့ ရယူထားရုံသာမက တရုတ်ပြည်ထက် သာသွားတဲ့ အချက်ကတော့ မြန်မာနိုင်ငံမှာ နူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်ခွင့်လေလံကို ရသွားတာပါပဲ။ သူလဲ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ရရှိနေတဲ့ သူအကျိုးထိခိုက်မဲ့ ကိတ်စရပ်ကို ရှောင်လွဲလိုတဲ့ အရိပ်အရောင် ရှိပါတယ်။ အောက်တိုဘာ တစ်ရက်နေ့က ဂျီနီဗာမှာ အရေးပေါ် ကျင်းပခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးမှာ တရုတ်နဲ့ အတူတူ မကောင်းတတ်လို့ မြန်မာနိုင်ငံစစ်အစိုးရဲ့ ဆန်ဒပြနှိမ်နင်းမှုများကို ကန့်ကွက်ခဲ့ပေမဲ့ အခုလာမဲ့ တနင်္လာနေ့မှာ ထပ်မံကျင်းပမဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြစ်ချက်ချမဲ့ လုံခြုံရေး ကောင်စီ အစည်းအ၀ေးမှာ ဗီတိုအာဏာ သုံးပြီး ပယ်ချမှာ မလွဲပါ။

အခု သတင်းထွက်နေတာကတော့ လာမဲ့ တနလာင်္နေ့ အစည်းအဝေးပွဲမှာ ကန့်ကွက်မဲ့နိုင်ငံတွေကတော့ တရုတ်၊ ရုရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက ပြောကြားလျက်ရှိပါတယ်။

No comments: