Wednesday, February 6, 2008

ၽRecent Myanmar Affairs

မြန်မာပြည် နိုင်ငံရေးရာသီဥတု အုံ့မှိုင်းနေပါသည်...။
နိုင်ငံတစ်ကာမှ ဖိအားပေးမှု၊ ကုလ၏ တောင်းဆိုမှု၊ နိုင်ငံတစ်ကာ မီဒီယာများ၏ ထိုးနှက်မှု စသည်တို့ကြောင့် ဖြစ်စဉ်တစ်ချို့တွင် စစ်အစိုးရမှ လိုက်လျောမှုများကို ကနဦးတွင် ပြသခဲ့သော်လည်း ယခုအခါ ယခင်အတိုင်း ဒုံရင်းဒုံရင်း အခြေအနေသို့သာ ပြန်လည် ဆိုက်ရောက်သွားပါသည်။
၁။ ဂမ်ဘာရီမှ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို (ပြည်တွင်းတွင် ထုတ်ပြန်ခွင့်မရခဲ့သော) ဘန်ကောက်တွင် ထုတ်ပြန်ခဲ့ရာ စစ်အစိုးရမှ မဆိုင်းမတွပင် အရေးယူဆောင်ရွက်ခဲ့သည်။ ယင်း၏ နောက်လိုက် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းငယ်များ၊ ပလဲနံပ သင့်ကာ မတော်တရား စီးပွားရေး အခွင့်အလမ်းများ ရယူထားသည့် အဖွဲ့အစည်းများမှာ ကန့်ကွက်ကြောင်း ကြေငြာချက်များ ထုတ်ပြန်စေခဲ့သည်။
၂။ နိုင်ငံတစ်ကာ လူ့အခွင့်အရး စောင့်ကြည့် အဖွဲ့အစည်းများ၊ ကုလ အေဂျင်စီများ၊ နိုင်ငံတစ်ကာမှ ဖိအားပေးမှုများကြားမှပင် နိုင်ငံရေးအကျဉ်းသား အဖြစ် အဖမ်းခံရသည့် ဦးရေ တိုးပွားနေပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်မှ အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ ဟူသော message သည် ကောင်းသောရလာဒ်တစ်ခု မဟုတ်သည်ကို စောင့်ကြည့်အကဲခတ်သူများ သတိထားမိခဲ့သည်။
၎။ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှင့် သူ့အပေါ် သြဇာအာဏာ လျွါးမိုးသော သူ့မစေသီတို့၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုသည် အနာဂတ် စစ်အစိုးရ၏ ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲကို တစ်စုံတစ်ရာ မှန်းဆစေနိုင်သော်လည်း နောက်ာလမည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည့် အဖြစ်အပျက်မျိုးကို မြန်မာပြည်သူများ မလိုလားကြသည်မှာ သေချာပါတသည်။
ကိုယ်ကျိုးရှာတတ်သော နိုင်ငံခေါင်းဆောင်များ၏ အုပ်စိုးမှု၊ မှားယွင်းသော နိုင်ငံရေးဦးဆောင်မှုများကို ပြည်သူများခါးသီးစွာ ခံစားနေခဲ့ရသည်မှာ ဆယ်စုနှစ် ၆ နှစ်စာ ရှိခဲ့ပြီဖြစ်သည်။

နိုင်ငံ့ခေါင်းဆောင်များ အမြင်မှန်ရမည့် အချိန်ကား ...
မြန်မာပြည်အတွက် ရင်ထုမနာ ဖြစ်မိပါသည်။