Saturday, October 6, 2007

စင်ကာပူက မီးထွန်းဆုတောင်းပွဲ

ဒီနေ့ စင်ကာပူက တိုပါးယိုး မြန်မာ ဘုန်းကြီးကျောင်းမှာ ညနေပိုင်း ၆း၀၀ နာရီ ကနေ ၇း၃၀ အထိ မြန်မာနိုင်ငံရဲ့ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန်ဒပြပွဲမှာ အသက်စွန့်စွားခဲ့ရတဲ့ အာဇာနည် ရဟန်းသံဃာများ၊ ကျောင်းသား ပြည်သူများအတွက် ဆုတောင်းပွဲနဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းစေဖို့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီအတွက် အသိကနေရခဲ့တဲ့ ဆုတောင်းပွဲ ဓါတ်ပုံကို ဝေမျှပေးလိုက်ပါတယ်။ ဒီပွဲကို အခြားသော ဘာသာမှ ဘာသာရေး ၀န်ထမ်းများ လာရောက်ဝတ်ပြုကြပါတယ်။ နိုင်ငံခြားသူ နှစ်ယောက်လဲ ၀င်ရောက် ဆုတောင်းတာ တွေ့ရပါတယ်။ တက်ရောက်သူ အပေါင်း ဒီလို ဆုတောင်းခဲ့ကြတယ်။
ဆုတောင်းပွဲ အပြီးမှာ ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်များ စုပေါင်းထွန်းညှိတဲ့ပွဲကို ဘုန်းကြီးကျောင်းအပြင်မှာ ဆက်လက်ကျင်းပကြပါတယ်။ အောက်ကပုံကတော့ ဖယောင်းတိုင်များ ထွန်းညှိပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရစေဖို့ စုပေါင်း ဖယောင်းတိုင် ထွန်းညှိနေကြတဲ့ ပုံတွေပါ။
မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပြီးတိုးတက်သာယာပါစေ။

No comments: